MGL အမြန်ချောပို့ကို အစဉ်တစိုက်အသုံးပြုလာကြသော မိတ်ဟောင်းမိတ်သစ်များ ခင်ဗျာ
၂၀၂၆ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့၊ တနင်္ဂနွေ နေ့ မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့သည် "သီတင်းကျွတ်ရုံးပိတ်ရက်" အဖြစ် သတ်မှတ်ထားပါသောကြောင့် မြန်မာနိုင်ငံအနှံ့ရှိ MGL အမြန်ချော ပို့သည် ပြည်တွင်းမြို့ပေါင်း (၂၃၀) အနက်
ရန်ကုန်မြို့ Times City ရုံးခွဲဖြစ်သော
လိပ်စာ - အခန်းအမှတ်(A-၃၁၂)၊ ၃ လွှာ၊ Times City Jewellery Mall
ဖုန်းနံပါတ် - 09 797 397 111
နှင့်
ယုဇနပလာဇာရုံးခွဲဖြစ်သော
လိပ်စာ - ဘီ- ၂ ၊ ၂၀၀၇ (မြေညီထပ်) ၊ ဗညားဒလလမ်း၊ ဘိုးလိန်းအောင်ရပ်ကွက်၊ တာမွေမြို့နယ် ရန်ကုန်မြို့။
ဖုန်းနံပါတ် - 09 765 658 831
တွင်ချောစာ/ချောထုပ်များ လက်ခံခြင်းဝန်ဆောင်မှု မှလွဲ၍ ကျန်ရုံးခွဲများကိုပိတ်ထားမည်ဖြစ်ပြီး အဆိုပါမြို့ရုံးခွဲတို့တွင်ချောစာ/ချောထုပ်များ လက်ခံခြင်း၊ ပေးပို့ခြင်း စသည့် ဝန်ဆောင်မှုများကို ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အပ်ပါသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ(၂၈) ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုံးများအားလုံး ပုံမှန်အတိုင်းပြန်လည်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အွန်လိုင်း ရောင်းချသူများ ၊ ချောစာ / ချောထုပ်ပေးပို့သူများ အနေဖြင့် ရုံးပိတ်ရက်ကိုသတိပြု၍ ပေးပို့ကြပါရန် အထူးမေတ္တာရပ်ခံပါသည်။
ပျော်ရွှင်စရာကောင်းသော မင်္ဂလာရှိသောအချိန်များပိုင်ဆိုင်ရရှိနိုင်ပါစေ ....


